(၁)ဒီနေ့က သူမဘ၀အတွက် အဆုံးအဖြတ် တစ်ခုကို သေချာပေါက် ရင်ဆိုင် ရတော့မှာမို့ စိတ်တွေ လှုပ်ရှား နေမိတာတော့ အမှန်ပင်။ ဟန်ချက်မညီချင်တဲ့ ခြေလှမ်းတွေကိုရွေ့လျားလှေကားတွေပေါ်မှာ အဖြတ် သူမအတွက် ပိုနီးလာလေ မသိမသာ ရင် မောရလေပါပဲ။ လေယာဉ်ပေါ်မှာလဲ စိတ်အတွေး တွေက မငြိမ်သက်ခဲ့ . . .
“သမီးချို ကိုယ်နဲ့ ချစ်သူဖြစ်နေတဲ့သူနဲ့ သွားတွေ့ရ တာပဲ ဘာတွေများ ကြောက်စရာရှိလို့လဲ”
သူငယ်ချင်းပေါင်း ပေါင်းတဲ့ မာမီအပြောကို အဖြေပြန်မပေးခဲ့ မာမီမသိဘူးနော်။ သူမ အတွက် အရမ်းခက်ခဲပြီး စွန့်စားရတယ်ဆိုတာကို သူမနဲ့ သူဟာ တကယ်တော့ တရားဝင်ချစ်သူတွေ မဟုတ်ကြသေးပေမယ့် ရှေ့အနာဂတ်အတွက် ဆွေး နွေးခန်းတွေက ဘယ်က ဘယ်လိုတရားဝင်ပြီး မြောက်သွားလဲမသိ။ သူမ စိတ်ထဲသူ့ကို ချစ်သလိုလို မချစ်သလိုလိုနဲ့ . . .
သူမရဲ့ မာမီက “ချစ်ခွန်းချို”ဆိုတဲ့ သူ့သမီးကို ကြည့်နေတတ်သူမို့ သူမပြောင်းလဲခြင်းကို သတိ ထားမိနေတာ ကြာလှပြီပေါ့။ သူမရဲ့ ရင်ခုန်သံနဲ့ ပတ် သက်ပြီး အရွယ်ရောက်လာတကည်းက နားစွင့်နေ တဲ့ မာမီက ပွင့်လင်းစွာ တိုင်ပင်ဖို့ တံခါးတွေ ဖွင့်ထား ပေးတယ်။
သို့ပေမယ့် သူမဘက်က မာမီကိုဖွင့်ပြောပြခွင့် ရဖို့ တစ်စုံတစ်ဦးဆိုတာမရှိခဲ့။ သူမအတွက် အလုပ် ထဲမှာ နှစ်မြှုပ်ပြီး အချိန်အားရင်တော့ စာရေးဖို့ ဗလာ စာရွက်တွေနဲ့ ဘောပင်တွေကို ခုံမင်မိတယ်။ အခန်း အောင်းပြီး ဘ၀၊ ဒဿနနဲ့ အချစ်ဝတ္ထုတွေရေးတဲ့ သူမကို မာမီက လှောင်ပြုံးပြုံးတယ်။ နောက်ကျ တော့လည်း အားပေးတာပဲ။
သူမကို နှလုံးသားမရှိဘဲနဲ့ နှလုံးသားခံစားမှု တွေ ရေးနေတယ်ဆိုတဲ့ သဘော . . .ဒါတွေကို မာမီ မသိပါဘူး။ စာရေးတဲ့သူဟာ ကိုယ်ပိုင်ခံစားချက် အပြင်၊ အငှားခံစားလို့လည်းရတယ်ဆိုတာ လွယ် လွယ်လေး . .
2 Responses to "အစိမ်းရောင်နေ့သစ်များ":
- အမှတ်တရတော့ မဟုတ်ဘူးဗျ... မှတ်မှတ်ရရကို ပြောချင်တာ... "အစိမ်းရောင်နေ့သစ်များ" ဆိုတဲ့ ခေါင်းစဉ်လေး မြင်ကတည်းက စိတ်ဝင်တစား ဖတ်သွားမိတာ... အဆုံးထိ ဖတ်လဲပြီးရော ... ရင်ထဲမှာ ... ဘာမှန်းမသိတဲ့ ခံစားချက် တစ်ခုခု ကို နစ်နေအောင် ခံစားမိပါတယ်...။ အရေးအသားရော ဇာတ်လမ်းရော ဆွဲဆောင်မှု အပြည့်ရှိပါတယ် ...။ မချောအိမာန်-မန္တလေး ကို လဲ ကျေးဇူးတင်ပါတယ်...။ အားပေးနေပါတယ်...။ လေးလဲလေးစားမိပါတယ်...။
- ခုမှ ဖတ်ရလို့ ... ဖတ်လို့ ကောင်းလိုက်တာ.. အားပေးနေမယ်နော်...
















မာမီနဲ့ အဖေစကားများကြရင် အသံဆူလွန်း တဲ့ မာမီကို လွန်တယ်လို့ ထင်ခဲ့ပြီး ဘာတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့နေတဲ့ အဖေ့ကို သနားပိုနေမိသေး တယ်။ မာမီရဲ့ စကားတချို့ကို နားမလည်နိုင်ပေမယ့် အဲဒီနေ့လောက် ဒေါသထွက်တာကိုလည်း တစ်ခါမှ မမြင်ဘူးခဲ့၊ အဖေက “တော်တော့”လို့ ပြောလေ မာမီက . . .
“ငါရှက်တယ် နင်ငါ့ကို အပြီးသတ်သွားပါလား ငါနင့်ကို အရမ်းအထင်သေးတယ် သွားခုထွက်သွား” ဆိုပြီး မောင်းထုတ်တယ်။ အဖေက ဘီရိုထဲက အိတ် တစ်အိတ်ထဲ အ၀တ်အစားတချို့ ပစ်ထည့်ပြီး ထွက် သွားတယ်။ မာမီက ကုတင်ပေါ်မှာ မှောက်ပြီး တရှုံ့ ရှုံ့ငိုတယ်။ အဖေ သူမကို လိုက်ရှာသေးလားတော့ မသိဘူး။
မာမီဆီကိုလာတော့ မာမီက သူမကို ဖက်ငို တယ်။ “ချစ်ခွန်းချို သမီးအဖေ မာမီ့ကို အရှက် ခွဲတယ်။ ဒါကြောင့် နှင်ထုတ်လိုက်ပြီ ငါ့သမီး မာမီကို အပြစ်မတင်နဲ့နော် မာမီ သမီး အဖေကို ရင်ထဲက ပြောမပြတတ်အောင် ချစ်ခဲ့ပါတယ်။ ဒါပေမယ့် မာမီ့ ကို ရက်စက်တယ်။ သမီးလေး မာမီ့ကို ဘာမှမမေးပါ နဲ့နော်။ ငါ့သမီးကိုလည်း သူမချစ်ဘူး မေ့ပစ်ရမယ် နော် သမီး”
သူမ မာမီကို သနားသွားတယ်။ မာမီမကြိုက် တဲ့ မေးခွန်းတွေ သူမမမေးခဲ့ဘူး။ နောက်မှ သိရတာ အဖေက သူ့လက်အောက်ဝန်ထမ်းကောင်မလေး နဲ့ ငြိစွန်းပြီး ကိုယ်ဝန်တောင်ရှိသွားသတဲ့ ဒါကို အဖေ က သူ့အပြစ်သူ ၀န်ခံသလိုလိုနဲ့ သူတာဝန်ရှိကြောင်း ကောင်မလေးကို မယူရင် မထောက်ပံ့ရင် ဟိုဘက် ကလည်း တရားစွဲအရှက်ခွဲမှာဖြစ်ကြောင်း သိရ တယ်။
အဖေက “၀ုန်း”ဆိုပြီး ဒီအကြောင်းတွေ ရုတ် တရက် ဖွင့်ပြောလာတော့ ဘာမှမသိခဲ့တဲ့ မာမီက အံ့သြပြီး ၀မ်းလည်းနည်း ဒေါသတွေလည်း ဖြစ်လာ တာပေါ့။ မာမီ့အသိုင်းအ၀ိုင်းက ဘယ်လို လက်ခံနိုင် ပါ့မလဲ။ အစကတည်းက အဖေနဲ့ ယူတာတောင် သိပ်လက်ခံချင်ခဲ့တာမဟုတ်ဘူး။ ဒီလိုနဲ့ ကလေး တစ်ယောက်လို အိမ်ပေါ်က ဆင်းသွားလိုက်တာ။ အဖေ သတင်းအစအနမရခဲ့ဘူး။ နောက် ခြောက် နှစ်အတွင်းမှာ အဖေ သူ့မိန်းမနဲ့ နယ်လိုက်သွားပြီး နယ်မှာပဲ ဆုံးသွားတယ်ဆိုတာ သိလိုက်ရတယ်။ အဖေက ပန်းနာရင်ကျပ်ရှိတယ်။ အအေးခံလို့မရ ဘူး။ သူ့မိန်းမနေတဲ့ နေရာက တောင်ပေါ်ဒေသ ချင်း ပြည်နယ်ဘက်မှာ။
မာမီကတော့ အဖေ မွေးနေ့ရောက်တိုင်း ခုချိန် ထိ ၀တ္တရားမပျက် ကုသိုလ်ဒါနပြုလုပ်ပေးနေဆဲပါ။ မာမီဟာ အဖေ့ကို အရမ်းယုံကြည်ခဲ့တယ်။ ယုံကြည် ရလွန်းသူရဲ့ ပြစ်ဒဏ်ခတ်မှုလို မာမီခံစားခဲ့ရတာ တော်တော်နဲ့ ဘယ်မေ့ပျောက်နေနိုင်ပါ့မလဲ။ ဒါ ကြောင့် မာမီက လွတ်လပ်စွာ ရွေးချယ်ခွင်ပေ့းထား ပေမယ့် ယောက်ျားဆိုတာ ဒီလိုပါပဲ။ မယုံရဘူးဆိုတဲ့ လက်သုံးစကားကို သုံးလေ့ရှိတယ်။ ဒါကြောင့်လည်း သူမဘ၀ဟာ တစ်ယောက်တည်းပေမယ့် အထီး ကျန်နေတယ်လို့တော့ ကိုယ့်ကိုကိုယ်မထင်မိဘူး။
အထီးကျန်ခြင်းဟာ အတွေးမရှိတဲ့သူလုပ်စရာ အလုပ်မရှိတဲ့သူတွေအတွက်လေ သူမကတော့ ဘ၀အတွက် စာတွေရေးမယ်၊ အလုပ်တွေလုပ်မယ် အဲဒီ မျှော်လင့်ချက်တွေနဲ့ အထီးကျန်ခံစားမှုကို လုံးဝ မကြောက်ရွံ့ခဲ့ပါ။ နောက်တစ်ခုက လက်ထပ်ပြီးရင် တစ်ယောက်နဲ့ တစ်ယောက် အရင်ကလိုချစ်သေး ရဲ့လား၊ ပိုချစ်လာလား၊ ပိုလျော့သွားသလားဆိုတဲ့ မေးခွန်းက ခေါင်းထဲမှာ အကြိမ်ကြိမ်ပဲ။ အရင်က မာမီနဲ့အဖေ အဆင်ပြေနေတာတွေ မြင်လာရတော့ ချစ်ကြတယ်လို့ ထင်တယ်။ နောက်မှ အဖေ့ရဲ့ ဟန်ဆောင်မှုတွေကို မြင်လာရတော့ မာမီ့ကို ကိုယ် ချင်းစာမိတယ်။ အဖေက ဟန်ဆောင်ပြီး မာမီ့ကို ပို ချစ်ပြီး ပိုဂရုစိုက်လာတယ်ဆိုတာသိသာတယ်။ တကယ်တမ်းတော့ အဖေဟာ ဟန်ဆောင်ခြင်း၊ အတတ်ပညာကို ကောင်းကောင်းမတတ်ခဲ့လို့သာ ဒီလို ပုံမှန်မဟုတ်တဲ့ လိုက်လျောခြင်းတွေ ပြုလုပ် ရင်းကနေ မာမီ့အတွက် သံသယ၀င်စေခဲ့တာလေ။
ချစ်လို့ အနစ်နာခံတာ ချစ်လို့ လိုက်လျောတာ မဟုတ်ဘဲ သူ့နောက်ကွယ်က ဇာတ်လမ်းကို မသိ အောင် အကာအကွယ်တစ်ခုဖြစ်စေခဲ့တာ အဖေ့ အမှားပဲ။ မာမီရဲ့ အဆိုအရ ချစ်လို့လုပ်ပေးတာပါ။ ချစ် လို့လိုက်လျောပေးတာပါဆိုတာ တဖက်လူကို စိတ် ဓာတ်ရေးရာအရ အနိုင်ယူလိုက်တာပါတဲ့။ ပျက်စီး စေတဲ့ အပြုအမူမပါဝင်ဘဲ အချိုနည်းနဲ့ တိုက်ခိုက် သိမ်းပိုက်ဖို့ ကြိုးစားဟန်လုပ်နေတယ်လို့ မာမီက မှတ်ချက်ချတယ်။
နောက် အိမ်ထောင်ရေးငြီးငွေ့ ခြင်းဆိုတဲ့ ဖော် မြူလာဟာ လင်မယားနှစ်ယောက်ကြား သက်တမ်း မစေ့ခင်ဆိုက်ရောက်လာမှာပဲ။ ဒါကို ကြိုတင်တား မြစ်ပိုင်ခွင့်မရှိဘူး။ ဒါပေမယ့် ကာကွယ်ဖို့ နည်းပရိ ယာယ်တွေလိုအပ်တယ်ဆိုတာတော့ မာမီသိထား တယ်။ ဒါပေမယ့် မာမီ့ရဲ့ ကာကွယ်ရေးလက်နက် တွေ ချမသုံးခင်မှာ အဖေဆီက ငြီးငွေ့သံမကြားရဘဲ ရင်ခွင်ပြောင်းသွားတဲ့အဖေ့ကို မာမီဘယ်လိုခွင့် လွှတ်နိုင်မှာလဲ။
အချစ်က အိမ်ထောင်ရေးရဲ့ အဓိကအကျဆုံး အခြေခံအချက်ပဲတဲ့ ဒါဆို အဖေဟာ မာမီ့ကို မချစ် တော့လို့လားဆိုတဲ့ မေးခွန်းကို မာမီက ခေါင်းခါ တယ်။မာမီက “မာမီရော သမီးအဖေရော ချစ်နေ တုန်း သံယောဇဉ်ရှိနေတုန်းပါ။ အိမ်ထောင်သက် ကြာလာရင် ကြိုးတွေဟာ မောင်နှမသံယောဇဉ်နဲ့ တောင် ပိုခိုင်မြဲလာတတ်တယ်။ သမီးအဖေက နေရာသစ်တစ်ခုကို အပြောင်းအလဲအနေနဲ့ အကြီး အကျယ်သာယာသွားတာပါ။ သာယာရုံတင်မကဘူး တာဝန်ယူမှုတွေပါ ပါလာတော့ သမီးပဲစဉ်းစားကြည့် လေ။ မာမီဘယ်လက်ခံနိုင်မလဲ။ မာမီဘက်က ၀တ္တရားမပျက်ခဲ့ပါဘူး။ ဒါကို သမီးသဘောပေါက် တယ်မဟုတ်လား”
မာမီဆိုလိုရင်းကို သူမခေါင်းငြိမ့်လိုက်တယ်။ ဒါကြောင့်လည်း သူမဘ၀မှာ ချစ်သူဆိုတဲ့ ပုံရိပ်တွေ ရှိခဲ့ဖူးပေမယ့် သူမလည်း သာယာခဲ့ရုံသက်သက်ပါ။ တကယ့်ရင်ထဲက နှစ်နှစ်ကာကာဘာမျှမရှိခဲ့။ လက် ဆောင်လေးတွေ အပြန်အလှန်ပေးတာ၊ ဖုန်းဆက် ကြတာ၊ ဟိုနားဒီနားသွားတာတွေဟာ ဘ၀မဟုတ် ပါလားလို့ သူမသိတယ်။ မာမီက သူမအပေါ်နား လည်တယ်။ သူ အဖေနဲ့ ကွဲခဲ့ပေမယ့် ယောက်ျား တွေ အားလုံးကို သိမ်းကြုံးမမုန်းသလို အထူးသဖြင့် သူမအပေါ်လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ကိုယ်ပိုင် ဥာဏ်နဲ့ ဆုံးဖြတ်ခိုင်းထားတယ်။
နောက်ဆုံး မာမီရှေ့မှာတင် သမီး ဘယ် ယောက်ျားကိုမှ ကိုယ့်ရင်ထဲက နှလုံးသားနဲ့ ချစ်မရတော့ဘူးလို့ ၀န်ခံခဲ့တယ်။ သူမ စိတ်ထဲလည်း ၀မ်း နည်းလာသလို ခံစားလာရတယ်။ ဒီအချိန် ဒီအရွယ် မှာ ကိုယ်ရော စိတ်တူ တစ်စုံတစ်ဦးကိုတော့ သူမ နှလုံးသားနဲ့ ချစ်ကြည့်ချင်တယ်။ အရင်ရည်းစားကိုတော့ ဆက်လက်ဟန်မဆောင်ချင်တော့သလို တစ်ယောက်ထဲလည်းနေလို့ဖြစ်တာမို့ လမ်းခွဲလိုက်တယ်။
မာမီမေးတိုင်း တွေ့ပေးဖို့ အစီစဉ်မရှိလို့ ငြင်းခဲ့ တယ်။ မာမီက လာစပ်တဲ့သူတွေနဲ့ တွေ့ပေးမယ်ဆို တိုင်းလည်း ငြင်းပယ်ခဲ့တယ်။ မာမီက ငါ့သမီးလေး ချစ်ခွန်းချိုနှစ်သက်မယ့်သူ ဒီကမ္ဘာမှာ မပေါ်သေးဘူး ထင်တယ်လို့ဆိုတယ်။
ဟုတ်မှာပဲ သူမ သူငယ်ချင်းတွေတောင် ကလေးတစ်ယောက်တော့ အနည်းဆုံးရနေကြပြီ။ မာမီ အိမ်ထောင်ပြုတော့ နှစ်ဆယ့်သုံးတဲ့ သူမက နှစ်ဆယ့်ငါးရှိနေပြီ။ ဘ၀လက်တွဲဖော်ဆိုတာ သေချာရှာဖွေဖို့ မလိုဘူးလို့ထင်တယ်။ သေချာ အံဝင်ခွင်ကျရှာဖွေပြီးမှ ရတဲ့အချစ်သည်လည်း ခိုင် မြဲလာမှာမဟုတ်တာတော့ သေချာလှတယ်။
“မာမီ ယောက်ျားတစ်ယောက်ရဲ့ အချစ်ကို ဘယ်လို ယုံရမလဲ။ ချို့ကို လူတစ်ဦးက ချစ်ခွင့်တောင်းဆိုနေ ပြီ အဲဒီလူကို ချိုမမြင်ဘူးဖူး”
သူမ အမေးကို မာမီက ရင်ဘတ်ဖိရင်းဗုဒ္ဓေါ ဘုရားရေလို့ တလိုက်တယ်။
“ငါ့သမီးက မမြင်ဘူးဘဲ ဘယ်လိုများဆုံကြတာလဲ”
“ချို့သူငယ်ချင်းတစ်ယောက်ကနေ သိပြီး ဖုန်းဆက် လာတယ်။ ဖုန်းနဲ့စကားပြောကြတယ်။ နောက် ချို ကို သံယောဇဉ်ဖြစ်ပြီး သဘောကျကြောင်းပြောတယ်။ သူက အခု နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ ကွန်ပျူတာSectionပိုင်းမှာ အလုပ်လုပ်နေပါတယ်။ ချိုနဲ့သူ စကားတွေတော်တော်များများပြောဖြစ်ကြတယ်။ မာမီ ချို ခုချိန်ထိ ခန့်မှန်းရသလောက် သူဟာ လူ ကောင်းတစ်ယောက်ဖြစ်သလို လူတော်လည်းဖြစ် လိမ့်မယ်ထင်တယ်”
မာမီက သူမကိုကြည့်ပြီး ပြုံးတယ်။
“မာမီ ဘာပြုံးတာလဲ”
“သမီး သူ့ကို စိတ်ဝင်စားနေပြီ”
“ဟာ မဟုတ်သေးပါဘူး မာမီကလဲ”
“မမြင်ဘူးသေးတဲ့ သူတစ်ယောက်အကြောင်း ဒီလောက်သိပြီဆိုရင် လုံလောက်တဲ့ အခြေခံအချက် ရှိလို့ပဲချို သမီးဦးနှောက်နဲ့ ဆုံးဖြတ်ခိုင်းထားပြီးသားပဲ နှလုံးသားအစစ်ကိုရအောင်ရှာ၊ ပြီးရင် ကိုယ့်ဟာ ကိုယ် ဆင်ခြင်သုံးသပ်။ကိုယ်ရွေးချယ်လိုက်ပြီဆိုရင် တော့ မှားမှား၊ မှန်မှန် သမီးဘ၀ကို တည့်မတ်အောင် တော့ လျှောက်လှမ်းနိုင်ရမယ်။ ဘ၀လက်တွဲဖော်ဆို တာ သွားတဲ့လမ်းကြောင်းချင်း၊ အတွေးချင်းကတော့ တူညီနိုင်မှ အကောင်းဆုံးပဲ လူကို ယုံကြည်လို့ရ သွားရင်တော့ သူ့အချစ်ကို ယုံကြည်လို့ ရနိုင်ပါ တယ်”
မာမီကပြောပြီး မီးဖိုထဲဝင်သွားတယ်။ သူမကို အတွေးတွေ ဆက်တွေးစေဖို့ ထားခဲ့တယ်။ သူမ ဘက်မှာ သူ့ကို ယုံကြည်စေဖို့ခွန်အားတွေက သူ့ အပေါ်မှာပဲ မူတည်နေတယ်လို့ထင်တယ်။ သူနဲ့ စကားပြောရင်တော့ မသိမသာ သူမရင်တွေ လှပ် ကနဲ ဖြစ်သွားတတ်တာတော့ သိတယ်။ စကားပြော ရင် မကြာခဏ သူမကို ရယ်မောပျော်ရွှင်စေတတ် သလို သူကိုယ်တိုင်လည်း လွတ်လပ်စွာစကားပြော ခွင့်ကို ခုံမင်နေပုံရတယ်။
“ချို မင်းဟာ အူတူတူလေးပေမယ့် တကယ် တော့ ထက်မြက်တဲ့မိန်းကလေး တစ်ယောက်ပါ။ ကိုယ်က မင်းရိုးသားတာနဲ့ ပွင့်လင်းတာကို သဘော ကျတယ်။ သူများအပေါ် စီးပိုးပြီး စကားပြောတာ မဟုတ်ပေမယ့် မင်းက မဟုတ်မခံပုံစံဆိုတာ ကိုယ် သိတယ်။ အားနာတတ်သလို အကောင်းမြင်စိတ်ရှိ တယ်။ မိသားစုကိုချစ်တယ်။ ဂရုစိုက်တယ်။ အား နည်းသူကို ကူညီချင်တယ်။ အလုပ်လုပ်တယ်။ ဘ၀ မျှော်လင့်ချက်ရှိတယ်။ နောက် စာရေးသူလည်း ဖြစ် တယ်.။ ဒါတွေဟာ ကိုယ်မင်းကို ချစ်သွားစေဖို့ အဓိ က အခြေခံအကြောင်းအရင်းတွေပဲ ချို။ အတွေးတူ သလို သွားချင်တဲ့လမ်းကြောင်းချင်းလဲ တူတယ် လေ။ ချို့ကို နားလည်ပေးဖို့ ကြိုးစားထားသလို အပြန် အလှန်နားလည်ရင်း ဘ၀ကို အတူလက်တွဲလျှောက် ချင်တယ်။ မင်းကို မြတ်နိုးတန်ဖိုးထားစွာချစ်ပါတယ်”
သူ့အသံကို နားထဲမှာ ကြားယောင်ရင်း သူမ ရင်ထဲလဲ တစ်မျိုးခံစားနေရတာကို သိခဲ့တယ်။ သူမ တို့နှစ်ယောက်ကြားမှာ တစ်ယောက်နဲ့တစ်ယောက် ရုပ်ရည်ကို မြင်ဘူးချင်ပေမယ့် ဓာတ်ပုံပို့ဖို့ကို မပြော မိအောင် ထိန်းချုပ်ထားသလိုပဲ။ သူက သူမ အကြောင်းကိုသာ သိပြီး လုံးဝမမြင်ဘူးကြောင်း ၀န် ခံထားတယ်။ သူမကလည်း သူ့ပုံကို တောင်းဖို့ စိတ် ကူးမရှိ။ သူကလည်း ဒီကနေ့ တိုးတက်နေတဲ့ ခေတ် ကြီးမှာ ကွန်ပျူတာ အီးမေးလ်နဲ့ပို့ပြီး စာရေးဖို့၊ ဓာတ် ပုံပို့ဖို့ လုံးဝစိတ်ကူးမရှိပဲ ဖုန်းကိုသာ ဘယ်လောက် ကုန်ကုန် နားတွေပူလာအောင်ထိ ပြောနေခဲ့တယ်။
အချစ်ဟာ ဘယ်လောက် အံ့သြဆန်းကြယ် စရာကောင်းသလဲဆိုရင် အသံနဲ့တင် မသိစိတ်တွေ မှာ ပျော်ဝင်နေကြပြီ။ ဒါကို မာမီပြောတဲ့ နှလုံးသားနဲ့ ခံစားလို့ရတဲ့ ရင်ခုန်မှုကို ခေါ်မလား။ သူမတို့ ခုလို ခံစားလို့ရနိုင်တာကို အချစ်စစ်လို့ နာမည်တတ်လို့ ရပြီလား။
သူမ သူ့ကို တိကျတဲ့အဖြေမပေးနိုင်သေးပါ။ တကယ်တမ်းတွေ့လိုက်ရမှ မျှော်မှန်းတာနဲ့ လုံးဝ တခြားစီ ကွဲလွဲနေပြီဆိုရင် ဘယ်လိုလုပ်ရမလဲ။ သူမ ရဲ့ ညစဉ်အတွေးတွေထဲမှာ ပုံရိပ်တွေတစ်ခုပြီးတစ်ခု ၀င်ရောက်လာတယ်။ သူဓာတ်ပုံမပို့တာက သေချာ ပေါက်အားနည်းချက် တစ်ခုခုရှိလို့လားဆိုတဲ့ အတွေးတွေ ၀င်ရောက်လာတော့ သူမရဲ့ အိပ်ပျော် မယ့် အချိန်တွေအကန့်အသတ်မဲ့သွားခဲ့တယ်။
သူမတို့နှစ်ယောက် လေလှိုင်းထဲမှာ မက်ခဲ့တဲ့ အိမ်မက်တွေဟာ အချိန်တန်သွားပြီ ထင်ပါရဲ့ Asia ကို အလုပ်တွေနဲ့ ရောက်လာတဲ့သူက တွေ့ဆုံရအောင် သူမကို ချိန်းတယ်။ သူမဘက်ကလည်း ကုမ္ပဏီအလုပ် ခရီးစဉ်နဲ့ စင်ကာပူဖိလစ်ပိုင် ဘန်ကောက်ကို သွားရမယ်ဆိုတော့ သူမဘက်က လည်း ခေါင်းငြိမ့် လိုက်တယ်။
မာမီကို ဖွင့်ပြောတော့ သူမသဘောကို နား လည်တဲ့ မာမီက ထုံးစံအတိုင်း ဦးနှောက်ရော နှလုံး သားရော အလုပ်လုပ်ပါလို့ မှာလိုက်တယ်။
ခုဆိုရင် သူဟာ လေဆိပ်မှာ သူမကို စောင့် ကြိုနေလောက်ပြီပေါ့။ အ၀တ်အစားကအစ ဘာဝတ်မယ်လို့ ဘာမှမပြောထားကြတဲ့အတွက် လာကြိုမယ့်သူဟာ သူမကို ဘယ်လိုပုံစံနဲ့ရှာမလဲ။ ရင်မောသလို ရင်လည်းခုန်မိတယ်။ အင်မီဂရေးရှင်း မှာ ဖြတ်အပြီး သူမအိတ်တွေရှိရာကို လျှောက်လာ ခဲ့တယ်။ ဘ၀မှာ ရင်ခုန်ရဆုံး ခြေလှမ်းတွေနဲ့အတူ ကြိုသူတွေရှိတဲ့ဘက် မျက်လုံးဝှေ့ကြည့်လိုက်တယ်။ သူမမှားသွားပြီလားလို့ ဖြတ်ကနဲ တွေးမိတယ်။ တကယ်တမ်းဆို သူဟာ ကြိုမယ့်သူ သူမကို သိ အောင်တော့ ကြိုးစားသင့်တာပေါ့။ ခုတော့ တစ် ယောက်နဲ့တစ်ယောက်မမြင်ဘူးဘဲဘယ်လိုရှာမလဲ။
အိတ်ကို ရွေးပြီး ကြိုတဲ့သူတွေထဲရှာမိတယ်။ သူမကို လှမ်းကြည့်နေတဲ့ တစ်စုံတစ်ဦးကို တွေ့ရ တယ်။ အင်္ကျီအဖြူ ဘောင်းဘီနက်ပြာနဲ့ နက်တိုင် အစင်းလေးနဲ့ သူ့ကို သူမလည်း ပြန်ကြည့်နေမိ တယ်။ သူလား . . .
ခြေလှမ်းတွေက တဖြည်းဖြည်းနီးလာတယ်။ သူက သူမထွက်လာရာ မှန်တံခါးပေါက်ဘက် လျှောက် လာတယ်။ ခြေလှမ်း ဆယ်လှမ်းလောက်အကွာမှာ သူ သူမကို လှိုက်လှိုက်လှဲလှဲပြုံးပြတယ်။
နောက် သူမကို လက်ကမ်းပေးတယ်။
အိုး သူ သေချာသွားပြီလား။
သူဟာ တကယ်ကို ချောမောလှပမနေပေမယ့် ကြည့် ကောင်းတဲ့ လူတစ်ယောက်ပေါ့။
“ချစ်ခွန်းချို နေကောင်းတယ်နော်”
သူ့ရဲ့ လှိုက်လှိုက်လှဲလှဲ စကားသံကို ခေါင်းငြိမ့်လိုက် တယ်။ သူမကို သူ ဘယ်လိုသိနေခဲ့လဲဆိုတဲ့ အမေး ကို
“မနေ့ညကမှ အသည်းအသန်ချို့ဘလော့ကို ရှာပြီး ကြည့်ခဲ့တယ်။ သူငယ်ချင်းကပြောတယ် ချို ဘလော့ မှာ ဓာတ်ပုံတင်ထားတယ်လို့။ ကိုယ်က လာကြိုရမှာ ဆိုတော့ မမြင်ဘူးလို့မဖြစ်ဘူး”
“သြော် ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက်မြင်ဖူး အောင် ဘာလို့မကြိုးစားခဲ့ကြပါလိမ့်နော်”
“ကိုယ်က ရိုးရိုးသားသားနဲ့ အမှန်တကယ်ချစ်တာကို လိုချင်တာလေ For Me You Like a doll, You Like aToy”
ဆိုပြီးသဘောကျစွာရယ်မောပါတယ်။
သူမလည်း မထင်မှတ်ဘဲ သူ့ရဲ့ မျက်နှာကို ကြည့်ရင်း ရယ်မောမိတယ်။
သူမတို့နှစ်ယောက်ရဲ့ ညတွေဟာ အရင်က ထက် ပိုလင်းလာသလို ခံစားရတယ်။
___________
မာမီရေ ချို ဦးနှောက်ရော နှလုံးသားရော အလုပ်လုပ်ခဲ့ပါတယ်။ သူက ချိုထင်ထားတာထက် ကို တော်တဲ့သူတစ်ယောက်ဖြစ်ပြီး ချို့ကိုလည်း ဂရု စိုက်ပါတယ်။ ချိုကျေနပ်မိတယ်မာမီ။
ချို သူ့ကို အဖြေအတိအကျပေးဖြစ်သွားမယ် ထင်ပါရဲ့ ချိုနဲ့သူ အခုဘာတွေလုပ်နေလဲသိလား။ သူ လုပ်နေတဲ့Green နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ၊ ဆွေး နွေးပွဲတွေမှာ ချိုတို့နှစ်ယောက် အတူလုပ်ဖြစ်ကြ တယ်။ ချို့အလုပ်တွေကိုလည်း သူကူညီတယ်။ ချို စာတွေလည်း ပိုရေးဖြစ်တယ်။
နောက်နှစ်ရက်လောက်ဆို ဖိလစ်ပိုင်က ကျွန်း ငယ်လေး ဘက်သွားမယ်။ အဲဒီမှာ မြေဆီလွှာ ပျက်စီးထိန်းသိမ်းမှုကို ကာကွယ်ဖို့ ကြိုတင်ပြင် ဆင်နေပြီ။ အဲဒီပရော့ ဂျက်မှာ ချိုပါ ပါဝင်ခွင့်ရလို့ ၀မ်းသာတယ်မာမီ။ ပြီး ရင် တတ်နိုင်သလောက်Greenကို ထိန်းသိမ်းတဲ့ အနေနဲ့ သစ်ပင်တွေ စိုက်ပျိုးကြဦးမှာ။ ဒီမှာGreenတွေကို ဦးစား ပေးတဲ့ စာအိတ်တွေ၊ ဈေးဝယ်အိတ်တွေကို သုံး လာပြီ။ အ၀တ်စအိတ်၊ ချည်အိတ်တွေက မြေဆီလွှာ ဆုံးရှုံးမှုကို သက်သာစေတယ်။Green ကို အမြဲ အမှတ်ရနေစေဖို့ ကြော်ငြာဆိုင်းဘုတ်တွေ လက် ကမ်းတွေကအစ အစိမ်းရောင်ကို သုံးထားကြ တယ်။
ချိုလည်းမြန်မာပြည်ကို ပြန်ရောက်ရင်Greenဦးစားပေးလုပ်ငန်းတွေကို ဆောင်ရွက်ချင်တယ်။ ချို တို့ တိုင်းပြည်က ပူတယ်မဟုတ်လား။ မန္တလေး တောင်ဆိုရင် အပင်တွေမျိုးပြုန်းတာကြာလှပေါ့။ ကျုံးဘေးက ကုက္ကိုပင်ကြီးတွေကို လွယ်လွယ်ကူကူ ခုတ်ပစ်တာလည်း နှမျောတယ်။ မန္တလေးတောင် တက်အပင်ပွားလေးတွေယူပြီး စိုက်ဖို့စိတ်ကူးတယ်။ ဒီမှာ အသီးအရွက်တွေကို ခြံကျယ်တဲ့သူတွေက အိမ်တင်စိုက်ပျိုးပြီး ကိုယ့်ရပ်ကွက်ထဲမှာ ဈေး သက်သက်သာသာနဲ့ ပြန်ရောင်းပေးတယ်။ Not Spray ဆိုပြီး တံဆိပ်တပ်ရောင်းတယ်။ ကျန်းမာ ရေးအတွက်လည်း ကောင်းတယ်။ သန့်ရှင်းလတ် ဆတ်တယ်။ ဒါမျိုးစနစ်တွေများလာရင် သယ်ယူပို့ ဆောင်ရေးစရိတ်သက်သာပြီး အိတ်ဇောငွေ့ ထွက် နှုန်းလည်း လျှော့နည်းလာမယ်။ အဲဒီအတွက် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်တယ်။ အနည်းစုကနေ အများစုဖြစ်လာရင် အကျိုးသက်ရောက်မှု ပိုများလာလေပဲ။
မာမီ လည်း အိမ်ထဲမှာ အပင်တွေကိုရှုပ်လို့ ဆိုပြီး လျှောက်မခုတ်နဲ့နော်။ ဒီမှာတော့ အပင် တွေကို အရမ်းတန်ဖိုးထားကြတယ်။ အိမ်ရဲ့ မြေပို နေရာတွေမှာGreen Grass တွေ စိုက်ပျိုး ထားကြ တယ်။ အိုကေလေ မာမီ နောက်မှဆက်ရေးမယ်။
ချစ်တဲ့
ချို
ခေတ္တ စင်ကာပူ
အီမေးလ်က ပို့တဲ့ စာလေးကို ဖတ်ပြီး မာမီပြုံးနေမှာ သေချာပါတယ်။
သူမကတော့ သူမရင်ခုန်သံကို ပြန်တွေ့ရလို့ အရမ်း ပျော်ရွှင်ခဲ့ရပါတယ်။ ဖုန်းနံပါတ်လေးတစ်ခုနဲ့ လေလှိုင်းထဲက ရင်းနှီးခွင့်ရတဲ့ ချစ်သူရဲ့ ပခုံးထက်မှာ နွေးထွေးခြင်းနဲ့ စိမ်းရောင်သင်္ကေတတွေကို သူမ မက်မောတယ်။
အစိမ်းရောင်ဟာ သူမတို့နှစ်ယောက်ကြားမှာ စိမ်းကားခြင်းမဟုတ်ခဲ့ပါဘူး။ စိမ်းလန်းတဲ့အတွေး တွေနဲ့ စိမ်းလန်းတဲ့ မြေကမ္ဘာနေ့တွေထဲ အတူလက် တွဲလျှောက်ဖို့ မျှော်လင့်ချက်အပြည့် ရည်ရွယ်ချက် အပြည့်တွေနဲ့ပေါ့။
ချောအိမာန်(မန္တလေး)
၂၇.၆.၀၉
2:00PM